ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပြီးသူ ၄၄၂၄ ဦးရှိ ပြီဖြစ်

ပေါက်ခေါင်း စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းအား အမှတ်(၃) ရပ်ကွက်ရှိ လေးမျက်နှာဇာတ်ရုံတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ပြီး ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ဩဂုတ်လ ၂၇ ရက်နေ့မှ ယမန်နေ့ အထိ (၄၄၂၄) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုး‌နှံ‌နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူ‌မောင်၊ ဗိုလ်မှူး ယုနောင်နှင့် အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ကျန်းမာရေး ဦးစီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်စေပဲ ရပ်ကွက်/ကျေးရွာများအား အလှည့်ကျ စနစ်ဖြင့် ဆောင်ရွက်ပေးသွားလျက်ရှိကြောင်း သိရှိရသည်။

ဥမ္မာကျော်