အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့မသီဟနာဒကျောင်း တိုက်၊ ပဏ္ဍိတရာမကျောင်းတိုက်၊ မင်္ဂလာကန်ဦးကျောင်း၊  သိင်္ဂီရတနာသီလရှင်ကျောင်းတိုက်၊ ဓမ္မဇေရုံသီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာတို့မှ ရဟန်း၊သာမဏေများ၊ သာသာနာ့အနွယ်ဝင် သီလရှင်များနှင့် အဘိုး၊ အဘွားများအား    ယနေ့ မွန်းလွဲ  ၁ နာရီက  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။
Sep 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာ အုပ်စု၊ အ.လ.က ဆည်ခေါင်းကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့အထိကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၅၈)ဦး ထိုးနှံပြီးဖြစ်သည်။
Sep 12,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် စက်တင်ဘာ ၁၂ ရက် ၊ ယနေ့ နံနက်ပိုင်းက မြို့နယ်တည်ဆောက် ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်‌ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၆)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ယနေ့နံနက်(၉) နာရီ ခွဲအချိန်ခန့်က အနံ့ပျောက်၊ ပိုးတွေ့လူနာထိစပ်ထားသူ (၈) ဦးတို့အား မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT (Rapid Test Kit) ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီး (၅) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက သိရသည်။
Sep 12,2021
ကျောက်မဲမြို့နယ်တွင် ယမန်နေ့က စစ်ဆေးချက်များအရ မန်ခါတိုက်ပွဲရှောင် စခန်းမှပြည်သူ  ၅၄ဦး အပါအဝင် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၈၈ ဦး  ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
Sep 12,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် စက်တင်ဘာ ၁၂ ရက် ၊ ယနေ့ နံနက်ပိုင်းက မြို့နယ်တည်ဆောက် ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 12,2021
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက် ရှိကာကွယ်ဆေး ထိုးရန်စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ယနေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။