Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကရင်၊မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်…
Dec 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ် မောင်းမကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 27,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင် ကြသော နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်း ရရှိရေးအတွက် မေလ ပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့နံနက် (၈) နာရီ အချိန်ကစတင်၍ ခရမ်းမြို့နယ်၊ မောင်းမကျေးရွာတွင် ခရမ်းမြို့နယ်မြို့နယ် ဦးစီးမှူးဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
Dec 27,2021
ကရင်ပြည်နယ် ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းက ထန်းတပင်ကျေးရွာသို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့်လှည့်လည် နှိုး ဆော်ပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicrom) ရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလှည့်လည်နှိုးဆော်
Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicrom) ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို တောင်ကိုင်း ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာအုပ်စုတွင် ငွေချည်-၉ ချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်း
Dec 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ငွေချည်-၉ ချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီ ကဆင်ချည်တိုင်ကျေးရွာမှ တောင်သူ ဦးစောထွန်း၏ ကွင်းအမှတ်(၁၁၀၅-က) ဦးပိုင်အမှတ်(၆၆)၊ စိုက်ဧက(၂.၁၆)ဧကရှိ ဝါစိုက်ကွင်း၌ ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်အားကစားပြိုင်ပွဲများကျင်းပ
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြိုနယ်အဆင့်အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉နာရီက မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 27,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေ ပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက စည်ပင်သာယာမြို့မဈေးတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာပရဟိတအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ သတင်းအချက်အလက်များအား အသိပေးခြင်း ဆောင်ရွက်
Dec 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့အတွင်းရှိ မိဘပြည်သူများအား သိရှိလိုက်နာရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့် လည် နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23530
Page
23531
Page
23532
Page
23533
Current page
23534
Page
23535
Page
23536
Page
23537
Page
23538
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department