အမြို့မြို့အနယ်နယ်သတင်းများ

May 15,2021
ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် မြို့ပြနှင့် ကျေးလက်ဒေသများ၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်လာစေရေးနှင့် သစ်တောပြုန်းတီးမှုများ ပိုမိုများပြားလာသဖြင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့် သစ်တောပြုန်းတီးမှုများကို ထိန်းသိမ်း နိုင်စေရေးအတွက်ရည်ရွယ်၍ နှစ်စဉ်မိုးရာ သီ၌သစ်ပင်များစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
May 15,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် မိုးနှမ်းသီးနှံအတွက် ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယမန်နေ့ ညနေ (၃:၀၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ 
May 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိူးကျေးဇူးများကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်၌ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
May 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား မေလဆန်းမှ စတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
May 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၀ - ၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယအကြိမ် အသက် (၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၂နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 15,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အ​ခြေခံပညာ​ကျောင်းများ ဖွင့်လှစ်နိုင်​ရေး ကြိုတင်ပြင်ဆင်​ရေး လုပ်ငန်းများ ညှိနှိုင်းအစည်းအ​ဝေးကို ယမန်နေ့ နံနက် (၉း၀၀)နာရီအချိန်က အလုံမြို့နယ်၊ အမှတ်(၄) အ​ခြေခံပညာအထက်တန်း​ကျောင်း၊ အမိုးပြာ​​ဆောင်၌ ကျင်းပ ပြုလုပ်ခဲ့​ကြောင်း သိရသည်။