Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စဉ့်ကူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကျေးရွာများအရောက် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Mar 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မတ်လ ၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား Mobile အဖွဲ့များဖြင့် ကျေးရွာများအရောက် ကွင်းဆင်းကာကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ စဉ့်ကူးမြို့နယ်ရှိ ရွှေလှေကျေးရွာနှင့် ကျီတော်ကုန်းကျေးရွာတို့တွင် ဒေသခံပြည်သူ များအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်စိုက်ခင်းများ တူးဖော်ရောင်းချနေပြီဖြစ်
Mar 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီး တောင်သူအများစုသည် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ကြက်သွန်၊ ငရုပ်၊ နှမ်း၊ ငှက်ပျော စသည့် သီးနှံများ စိုက်ပျိုးလျက်ရှိရာ ကြက်သွန်စိုက်ခင်းများ တူးဖော်ရောင်းချနေပြီဖြစ်ကြောင်း စပါယ်တောကျေးရွာမှ တောင်သူ ဦးကျော်သိန်းက ပြောပြသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ် အမှတ်(၄)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်(၄)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန် က သီရိဟံသာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေပေး
Mar 20,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်း ကော့ကရိတ်မြို့ အ.ထ.က (၁) ကျောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးအပ်
Mar 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ အသီးသီး ပေးအပ်ခဲ့ပြီး ယနေ့နံနက် ၉ နာရီက စျေးတန်းရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများတို့က ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များ၏ မိဘများလက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ ပေးသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Mar 20,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ် ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျောက်မဲမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရား၌ လျှပ်စစ်ကျွမ်းကျင် မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ လျှပ်စစ်အင်ဂျင်နီယာရုံး၌ လုပ်ငန်းကျွမ်းကျင်ရေးနှင့် လုပ်ငန်းများတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ်သည့် လိုင်းဝန်ထမ်းများ လျှပ်စစ်ကျွမ်းကျင် မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်း ဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22022
Page
22023
Page
22024
Page
22025
Current page
22026
Page
22027
Page
22028
Page
22029
Page
22030
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department