အမြို့မြို့အနယ်နယ်သတင်းများ

May 16,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများနှင့် မွေးကင်းစကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်သို့သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အမှတ်(၉) ရပ်ကွက်အတွင်း၌ ခြင်ကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားတတ်သောဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက အမှတ်(၃)ရပ်ကွက်၊ ၅×၆ ဦးပြုံးချိုလမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသမှုများဆောင်ရွက်ခဲ့သည်။
May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းတွင်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီကစတင်၍ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိကြောင်း သိရသည်။
May 15,2025
မြန်မာနိုင်ငံ‌ မွေးမြူရေးအဖွဲ့ချုပ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ဟင်းသီးဟင်းရွက်၊ ကုန်မျိုးစုံပါဝင်‌သော ဈေးကားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီဝင်းအတွင်း၊  သက်သာသောဈေးနှုန်းများဖြင့်  လှည့်လည်ရောင်းချပေးလျက်ရှိသည်။
May 15,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ အောင်စာရင်းကို ယနေ့နံနက် (၆) နာရီက စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများ ထုတ်ပြန်ထားရှိကြောင်း သိရသည်။
May 15,2025
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေး သီတင်းပတ် နှိုးဆော်အသိပေး မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီက စိုက်ထူခဲ့ကြောင်း သိရသည်။