အမြို့မြို့အနယ်နယ်သတင်းများ

May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ကန်ကြီးထောင့်မြို့အဝင် မာလာကုန်းလမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။
May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌‌ စိုက်ပျိုးရေးဦးစီးဌာနမှကျင်းပပြုလုပ်သည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျုံတုံးကလေးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၁၈)၊ တလိုင်းစုကွင်း၊ ဦးပိုင်အမှတ် ၂၅ /၂၊  ဧရိယာ (၁၀.၀၀)ဧကရှိ တောင်သူ ဦးကျော်သန်းအောင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 15,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ဇောင်းချမ်းကုန်းကျေးရွာ ကွင်းအမှတ် ၇၃၇ ရှိ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော ဧက၁၀၀ နွေနှမ်း (ရေဆင်း-၁၄ မျိုး) စိုက်ခင်းများသို့ ခရိုင်အတွင်းရှိ နှမ်းစိုက်ပျိုးမည့် တောင်သူများက မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က လာရောက်လေ့လာခဲ့ကြကြောင်း  မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်က မြန်အောင်မြို့စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 15,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစစ် အခြေခံ ပညာကျောင်းလိုက် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆နာရီအချိန်မှစ၍ သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်း၏ကြော်ငြာသင်ပုန်းများတွင် ကပ်ထားကြေညာပေးကြောင်း သိရသည်။
May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်စိုက်ပျိုးနိုင်မှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅%) ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ လူမှု၀န်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ၊ နည်းဥပဒေအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။