ဆင်ပေါင်ဝဲ မေ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးကအမှာစကားပြောကြားပြီး လူငယ်နှင့်တိုင်းပြည်ချစ်စိတ် ခေါင်းစဉ်ဖြင့် စတင်ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်လွင်မှ လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်စိန်မှ လူငယ်နှင့်စိတ်ဓာတ်စည်းကမ်း ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းမှ လူငယ်နှင့်အကျင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ အခမ်းအနားသို့တက်ရောက် လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသားကျောင်းသူများမှ စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)