အမြို့မြို့အနယ်နယ်သတင်းများ

Jun 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံ တော်စေတီမြတ်ကြီးတွင် ယနေ့ (နယုန်လပြည့်) နေ့ နံနက်ပိုင်းက ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့သည်။
Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးနိုင်စေရန်အတွက် ရည်ရွယ်ကာ တောင်သူများအား ၂၀၂၂ခုနှစ်၊ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သာဓုကန်ကျေးရွာတွင်  တောင်သူများအား သွားရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Jun 13,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့် အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။
Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အများပြည်သူများ ဝယ်ယူစားသုံးသည့် စားသုံးဆီများရောင်းချသည့် အရောင်းဆိုင်များအား သတ်မှတ်စံညွှန်းနှင့်အညီ ရောင်းချမှုရှိ/မရှိ အခြေအနေကို
Jun 13,2022
မကွေးခရိုင်၊မြို့သစ်မြို့နယ်လေးတိုင်စင်အုပ်စုတွင် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊  စသည်တို့ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ယခုနှစ်မိုးဦးစတင်ရွာခဲ့သောမိုးသည် တောင်သူများအတွက် စိုက်ပျိုးရန်လုံလောက်သော အစိုဓာတ်ရရှိခဲ့၍ တောင်သူများဟာ နှမ်းများကိုစတင်စိုက်ပျိုးကြပြီး ယခုအခါနှမ်းများဟာ အထူးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
Jun 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မိုးကုတ်ကျေးရွာအုပ်စု အောက်စုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း အား (၃)နှစ်ပြည့်ပြီးဖြစ်သောကြောင့် ကျေးရွာကော်မတီအသစ် ပြန်လည် ရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ သည်။
Jun 13,2022
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ဘူးတောင်းကျေးရွာအုပ်စုတွင် ဆီထွက်သီးနှံ နေကြာ(မိုး) သီးသန့်စိုက်ခင်း အပင်ကြီးထွားရှင်သန်မှုကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးအဖွဲ့က ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး အပင်များ ပိုးမွှားကျရောက်မှုနှင့် ရောဂါဖြစ်ပွားမှုများရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ကြရန် တောင်သူများအား မှာကြားခဲ့ကြောင်း သိရသည်။
Jun 13,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။