မင်းတုန်းမြို့နယ်တွင် ဆီထွက်သီးနှံ နေကြာ(မိုး)စိုက်ခင်း အပင်ကြီးထွားရှင်သန်မှု ကွင်းဆင်း ကြည့်ရှု

မင်းတုန်း ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ဘူးတောင်းကျေးရွာအုပ်စုတွင် ဆီထွက်သီးနှံ နေကြာ(မိုး) သီးသန့်စိုက်ခင်း အပင်ကြီးထွားရှင်သန်မှုကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးအဖွဲ့က ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး အပင်များ ပိုးမွှားကျရောက်မှုနှင့် ရောဂါဖြစ်ပွားမှုများရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ကြရန် တောင်သူများအား မှာကြားခဲ့ကြောင်း သိရသည်။

စားသုံးဆီဖူလုံရေးအတွက် မင်းတုန်းမြို့နယ်တွင် ဆီထွက်သီးနှံ နေကြာကို မိုးသီးနှံနှင့် ဆောင်းသီးနှံ သီးညှပ် ၃၉၅ ဧကနှင့် သီးသန့် ၉၀၈ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)