အမြို့မြို့အနယ်နယ်သတင်းများ

Jul 25,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် သာသနာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများ၊ ဘာသာသာသနာနှင့်သက်ဆိုင်သည့် ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို
Jul 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမတွင် ယနေ့နံနက်(၉)နာရီ အချိန်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရှမ်း/မြောက်)မှ
Jul 25,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Jul 25,2022
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို အများပြည်သူ ပိုမိုသိရှိ နားလည်နိုင်စေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Quick Win Project အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လယ်​ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊​ ရွှေရတုခန်းမ၌ အသိပညာပေးဟောပြောခဲ့သည်။
Jul 25,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့သည် ယ​မန်နေ့မွန်းလွဲပိုင်း က နေပြည်တော်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်တို့ဖြင့် ဆောင်ရွက်လျက်ရှိသော ဒက္ခိဏသီရိမြို့နယ်ရှိ Nilar Frozen Foods Co., Ltd.မှ ဆောင်ရွက်လျက်ရှိသော ဟင်းသီး၊ဟင်းရွက်နှင့်သစ်သီးဝလံများ အေးခဲထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ လယ်​ဝေးမြို့နယ်ရှိ Golden Sunland Co., Ltd.မှ ဆောင်ရွက်လျက်ရှိသည့် ဆန်းစပါးကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပျဉ်းမနားမြို့နယ်ရှိ Chindwin Banner Co., Ltd. မှ ဆောင်ရွက်လျက်ရှိသည့် အဝတ်အထည်မျိုးစုံချုပ်လုပ်ခြင်းလုပ်ငန်းတို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
Jul 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအသင်းတို့ ပူးပေါင်း၍ ဇူလိုင်(၂၅)ရက်၊ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်  မသန်စွမ်းသူများနှင့် ပတ်သက်သည့်  အသိပညာပေး ဆွေးနွေးပွဲ Talk  Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 25,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များအား ကလေးသူငယ်အခွင့်အရေးများကို ကိုယ်တိုင်သိရှိ နားလည်နိုင်စေရန်၊ ကြိုတင်ကာကွယ် သဘာဝဘေး အန္တရာယ်နှင့် မိုင်းအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး ယနေ့ နံနက် (၁၀)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း မြတ်သရဖူ ခန်းမ၌ ကျင်းပခဲ့သည်။
Jul 25,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Youth Club) အသင်းဝင်များ စုပေါင်း၍ ယနေ့နံနက်၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာခင်မောင်အေးရေးသားသည့်“လူရယ်လို့ဖြစ်လာ လျှင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။