အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများက video conferencing စနစ်ဖြင့် တက်ရာက်ကြသည်။
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းကို အဖွဲ့များ ခွဲ၍ ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ ၇ ရက်နေ့ နံနက်တွင် အမှတ် ၂ ရပ်ကွက်ရှိ ဧရာသီရိသုခခန်းမ ၌ မြို့ပေါ် ရပ်ကွက်ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဌာနဆိုင်ရာလုပ်ငန်းများအသိပညာပေး ဟောပြော ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်၊ ကမ်းနားလမ်း၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဟုမ္မလင်းတပ်နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ယမန်နေ့၊ နံနက်(၇)နာရီခွဲအချိန်က ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 08,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအား  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သင်တန်းပို့ချသည်။
Sep 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများအား အဆင်ပြေမှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပုဇွန်တောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဦးစီးမှူးရုံး၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၌ ဆောင်ရွက်လျက် ရှိသော အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆)များအား e-ID စနစ် အတွင်း ထည့်သွင်းနေမှုသို့ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ အဖွဲ့ဝင်(၃) မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးအောင်စိုးတို့က ကွန်ပျုတာရိုက်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ကြသည်။
Sep 08,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် ဈေးကွက်အတွင်း တရားမဝင် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများ မရှိစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို သိရှိနိုင်စေရန်နှင့် ရောဂါဖြစ်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍