အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သတင်းရေးသားရာတွင် လိုက်နာရမည့် အချက်များ၊ သတင်းကောင်းတစ်ပုဒ်တွင် ပါဝင်ရမည့်အချက်များ၊ သတင်းတည်းဖြတ်နည်းများကို  သိရှိနိုင်ရန်ရည်ရွယ်၍ သတင်းရေးသားတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၂) ကို ဘားအံခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center )တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
Sep 28,2022
ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက တောင်ဇင်ကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာ အနောက်ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ညောင်ရမ်းမြို့မကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 28,2022
တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က လူစည်ကားရာ နေရာများဖြစ်သည့် စဝ်စံထွန်းစျေးရှေ့နှင့် မြင်းရုပ်မီးပွိုင်ရှေ့တို့၌ ဆောင်ရွက်ခဲ့သည်။
Sep 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များလှည့် လည်ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက မီးသတ်ဉီးစီးဌာနနှင့် ဝမ်ပုံကျေးရွာသို့ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် နံရံကပ် စာစောင်များ ပြသခဲ့သည်။
Sep 28,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့အတွက် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရန်ကုန်၊ စစ်ကိုင်း)နှင့် ပညာရေးဘွဲ့ (B.E.d) (၅)နှစ် သင်တန်းအမှတ်စဉ် (၁၀) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် (ရန်ကုန်၊ စစ်ကိုင်း)တို့၏ ပထမနှစ်သင်တန်းအတွက်
Sep 28,2022
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ရပ်/ ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်တိုးတက်စေရန် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းငါးကြောင်းပူးပေါင်းအဖွဲ့သည် ဖဲဒို​၊ ထောင်ကေးကျေးရွာရှိ ပြည်သူများနှင့်တွေ့ဆုံသည်။