အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2022
မကွေးတိုင်းဒေသကြီး၊‌‌ တောင်တွင်းကြီးမြို့၊‌ ဆုတောင်းပြည့်ဘုရားရှေ့တွင် ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်တွင်းကြီးတပ်နယ်မှ ပြည်သူလူထု စားဝတ်နေရေးအဆင်ပြေမူရှိစေရေးအတွက် အခြေခံစား‌သောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 28,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းတို့ကို စက်တင်ဘာ ၂၈ ရက် နံနက် ၈ နာရီအချိန်က ဟော်နန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 28,2022
ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း တာဝန်များကို တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသော ဘားအံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၊ မိသားစုများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေး အပ်သည့်အခမ်းအနားကို နံနက်ပိုင်းက ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပသည်။
Sep 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေခယ်သီရိအားကစားခန်းမ၌ ယမန်နေ့ မွန်လွဲ ၃ နာရီအချိန်တွင် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ချမ်းမြေ့ဇေယျာစိုက်ပျိုးရေး ကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ ဆန်စက်ပိုင်ရှင်များ၊ တောင်သူများနှင့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် အထွက်ကောင်းမျိုး နွေစပါး၊ ပဲတီစိမ်းနှင့် နေကြာစိုက်ပျိုးရေး ဆွေးနွေးပွဲကျင်းပရာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ချမ်းမြေ့ဇေယျာ စိုက်ပျိုးရေးကုမ္ပဏီလီမိတက်
Sep 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား စက်တင်ဘာ ၂၈ ရက်က လူမှုရေးပင်စင်ထောက်ပံ့ငွေများကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
Sep 28,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့မရပ်ကွက် လူစည်ကားရာ ဈေး(၁) ဈေး(၂) အနီး အောင်ဆန်းလမ်း၌ ယနေ့ နံနက် ၈ နာရီက Mask Campaign ပြုလုပ်ခဲ့သည်။
Sep 28,2022
တံတားဦးခရိုင်၊ တံတားဦးမြို့ မေဃဝန်အခြေခံပညာမူလတန်းကျောင်း၌ ၆၀’×၃၀’×၁၂’ ရှိ စာသင်ဆောင်ကို  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဈေးနှုန်းအဆိုပြုလွှာစနစ်ဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများမှ အမှတ်(၂)ရပ်ကွက်၊ မင်္ဂလာလမ်း ကွန်ကရစ်ခင်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။