အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြိုတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောက်စိမ်းခန်းမတွင် ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 28,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးခဲ့ကြောင်းသိရသည်။
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေရာနိုင်ရေး ပျက်စီးနေသည့် ရေပေးပြွန်များအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် သင်းတွဲမြောင်းမှ (၅) လုံး ပြန်လည်ပြုပြင် ပေးပြီးဖြစ်၍ သီးနှံမျိုးစုံ (၂၁၁) ဧက စိုက်ပျိုးရေများပြည့်ဝစွာ သုံးနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။
Sep 28,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး(Anti Rabies Vaccination)ကို ယနေ့နံနက် ၉ နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးနှင့်ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက်၌ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
Sep 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဓနုဖြူမြို့၊ အမှတ်(၁၁)ရပ်ကွက် အကျော်တာ လမ်းမကြီးတွင် အသိပညာပေးဆောင်ရွက်ခဲ့သည်။
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပင်တလယ်ကျေးရွာမှ တောင်သူများအနေဖြင့် ဆန်စပါးအပြင် နေ့စဉ်ဝင်ငွေရသည့် ဟင်းသီး၊ ဟင်းရွက်ပင်များနှင့် သီးပင်စားပင်များ စိုက်ပျိုးကြ ကြောင်းသိရှိရပြီး တောင်သူဦးဆန်းဝင်း စိုက်ပျိုးထားရှိသော မျှားနီတံဆိပ် ပန်းမုံလာပင်များ အောင်မြင် ဖြစ်ထွန်းပြီး ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။
Sep 28,2022
မကွေးတိုင်းဒေကြီး၊ မင်းတုန်းမြို့၌ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ (World Rabies Day)တွင် ယနေ့နံနက် ၉ နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့နံနက်(၉)နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။  ဒေသနေပြည်သူများအား