Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အင်းစိန်မြို့နယ်၌ (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
Sep 28,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့ (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များစုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မအူချောင်းအတွင်း ငါးသားပေါက်ကောင်ရေ (၅)သိန်း စိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ
Sep 28,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်၍ လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ထောင်တစ်လုံပိုင်၊ ဘဲတန်းတံတား၊ အမှတ်(၇)လမ်းအနီး သဘာဝမြစ်ချောင်းဖြစ်သော မအူးချောင်းအတွင်းသို့ ငါးမြစ်ချင်းသားပေါက်ကောင် (၅)သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြု ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုအသိပညာပေးလုပ်ငန်းများ မြို့အနှံ့လှည့်လည်ဆောင်ရွက်
Sep 28,2022
(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ပြဘုတ်ပြခန်း၊ ဖျော်ဖြေရေးမော်တော်ယာဉ်များဖြင့် ကော့သောင်းမြို့တွင်းအနှံ့နှင့် အခြေခံပညာကျောင်းများအနှံ့ ပြည်သူ့အကျိုးပြုအသိပညာပေးနှင့် ဖြေဖျော်ရေးလုပ်ငန်းများအား လှည့်လည်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Sep 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ယနေ့တွင်ကျရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက လက်ပံတန်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် စျေးရောင်းချသူများနှင့် စျေးလာရောက်ဝယ်ယူကြသူများအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ရည်ရွယ်၍ တာမွေ(ယာယီ) စျေးတာဝန်ခံနှင့် စျေးကိုယ်စားလှယ်များ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းအချိန်က စျေးအတွင်းရှိ လူအသွားအလာများသည့် နေရာများ၌ ပါးစပ်/နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် စျေးအတွင်း စျေးရောင်းချနေသူများနှင့် စျေးဝယ်လာကြသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် အသက်၁၂ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ(၇၀၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) ဆက်လက်ထိုးနှံပေး
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေကြသော အသက်၁၂ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီမှစ၍ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းစုရပ်၌ ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ခြင်းနှင့်ကာကွယ်ဆေးအခမဲ့ထိုးနှံပေး
Sep 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ကမ္ဘာ့ခွေးရူးရော ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၈၉၃)ဦးအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ငွေသားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ငွေသားများအား ယနေ့ မွန်းတည့် (၁၂:၀၀)အချိန်က ဘိုးဘွားများ၏ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15766
Page
15767
Page
15768
Page
15769
Current page
15770
Page
15771
Page
15772
Page
15773
Page
15774
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department