Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့တက်ရောက်
Sep 28,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်၌ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ဆက်လက်ဆောင်ရွက်
Sep 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပေါ်လူစည်ကားရာ နေရာများ၌ Maskတပ်ဆင်ထားခြင်း မရှိသူလမ်းသွားလမ်းလာပြည်သူများအား Mask Campaign ပြုလုပ်၍ Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့်လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြား ကျောင်းသား/သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး တတိယအကြိမ်ဆက်လက်ထိုးနှံပေး
Sep 28,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်မှ(၁၈)ကြားရှ ိကျောင်းသား/သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးတတိအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)အချိန်က အဆိုပါအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်၌ (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော၊ ကာကွယ်ဆေးအခမဲ့ထိုးနှံပေး
Sep 28,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
Sep 28,2022
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Sep 28,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ လမ်းအထူးအဖွဲ့ (၁၆) မှ တာဝန်ယူဆောင်ရွက်နေသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေ(ငွေလုံး) (၃၆၀) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မင်းဘူး- အမ်း- စစ်တွေလမ်း အပိုင်း ၁၅၇.၂၅ ကီလိုမှ ၁၅၈.၃ ကီလိုထိ ၅.၅ ကီလို အရှည်၊ ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို အမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် တာဝန်ရှိသူများက အရည်အသွေးပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ယနေနံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ လမ်းအထူးအဖွဲ့ (၁၆)မှ တာဝန်ရှိသူတစ်ဦးက သိရှိလိုသည်များ လိုက်လံရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့ အ.လ.က-ခွဲ(ကျိုင်းလွန်း)ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Sep 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အ.လ.က-ခွဲ(ကျိုင်းလွန်း)ကျောင်းတွင် ယနေ့ နံနက် (၉) နာရီအချိန်ခန့်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရတနာဈေး၌ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ဆောင်ရွက်
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရတနာဈေး၌ ယနေ့နံနက်(၉)နာရီအချိန်က ဒုတိယအကြိမ်မြောက် Mask Campaign ပြုလုပ်၍ ဈေးအတွင်း၌ဈေးရောင်းချလျက်ရှိသည့် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်ပြည်သူများအား လတ်တလောတွင် ဖြစ်ပွားလျက်ရှိသည့်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15763
Page
15764
Page
15765
Page
15766
Current page
15767
Page
15768
Page
15769
Page
15770
Page
15771
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department