Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စဉ့်ကိုင်မြို့နယ်၌ သဘာ၀ရေပြင်ဖြစ်သေ ာစွန်ရဲအင်းအတွင်း ဒုတိယအကြိမ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Sep 28,2022
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ စဉ့်ကိုင်မြို့နယ် စွန်ရဲကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာအနီး သဘာ၀ရေပြင်ဖြစ်သော စွန်ရဲအင်းအတွင်း မြစ်သားမြို့နယ် ကူမဲငါးလုပ်ငန်းစခန်းမှ ဒုတိယအကြိမ်ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေနှစ်သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးအခမဲ့ထိုးနှံ
Sep 28,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်နေ့တွင်ကျ ရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံးနှင့် ကျေးရွာ(၂)ရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့ လမ်းသွားလမ်းလာများနှင့် ဈေးများအတွင်း နှာခေါင်းစည်း လူတိုင်းတပ်ဆင်နိုင်ရေး Mask ခုရေ ၄၀၀၀ ဖြန့်ဝေ
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးလူတိုင်းနှာခေါင်းစည်း Mask တပ်ဆင် နိုင်ရေး နှာခေါင်းစီးခုရေ ၄၀၀၀ ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခြင်းအား ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမူလတန်းကြိုကျောင်း၌ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 28,2022
မွန်ပြည်နယ်၊ သထုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ် နတ်ကန်ကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လူထုတွေ့ ဆုံပွဲကျင်းပ
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် နတ်ကန်ကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က နတ်ကန်ကျေးရွာအုပ်စု၊ နတ်ကန်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးငယ်များဘဝ မြင့်တင်ရေး ရက်ကန်းသင်တန်း ဖွင့်လှစ်နေမှုအား ကွင်းဆင်းကြည့်ရှု
Sep 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ရှင်ဂျော့ဂျက်အသင်းတော်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့်အမျိုးသမီးငယ်များ အလုပ်အကိုင်ရရှိရေး အမျိုးသမီးငယ်များဘဝမြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရက်ကန်းသင်တန်း ဆောင်ရွက်နေမှုအား ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲပြုလုပ်
Sep 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က (အ.ထ.က)ချင်းမြောင်ကျောင်းခန်းမတွင် ကျင်းပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ အားကစားနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြော
Sep 28,2022
စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူ၍ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ အားကစားနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15761
Page
15762
Page
15763
Page
15764
Current page
15765
Page
15766
Page
15767
Page
15768
Page
15769
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department