အမြို့မြို့အနယ်နယ်သတင်းများ

Oct 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့ နာရီစင်ရှေ့တွင် ရောင်းချပေးကြောင်း သိရသည်။
Oct 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ဩဂုတ်လနှင့် စက်တင်ဘာလတွင် စိုက်ပျိုးသည့်အားလူးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အားလူစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
Oct 17,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယမန်နေ့နေ့လယ် (၃)နာရီအချိန်က ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပခဲ့သည်။
Oct 17,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ညောင်အင်းကျေးရွာအုပ်စု မြောင်းဘောင်ကျေးရွာမှ တောင်သူများအနေဖြင့် ဆန်စပါးနှင့်ဆီထွက်သီးနှံများအပြင် နေ့စဥ်ဝင်ငွေရရှိမည့် ဟင်းသီးဟင်းရွက်များနှင့်သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ တောင်သူဦးမြင့်စိုးစိုက်ပျိုးထားရှိသော ပန်းမုံလာခင်းမှာ အောင်မြင်ဖြစ်ထွန်းပြီး စျေးကွက်အတွင်း စျေးကောင်းရရှိရန်မျှော်လင့်ကြောင်း သိရသည်။
Oct 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့်သံတောင်ကြီးမြို့ရပ်ကွက်(၁)နှင့် ရပ်ကွက် (၂)ကြားရှိစံပယ်လမ်းအား Box Culvert နှင့်အုတ်စီရေမြောင်းလုပ်ငန်းရာ နှုန်းပြည့်ဆောင်ရွက်ပြီးစီး ကြောင်းသိရသည်။
Oct 17,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း အမှတ်စဉ်(၂/ ၂၀၂၂) သင်တန်းသား/ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲက အဆိုပါကျောင်းရှိ မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 17,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှစိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေနိုင်ရေး ရေကျအဆောက်အဦးများနှင့် ပျက်စီးနေသည့် ရေပြွန် များအား ပြန်လည်ပြုပြင်ပေးခြင်း၊ မြောင်းကြမ်းပြင်များတွင် ပို့ကျလျက်ရှိသော သဲနန်းများအား တူးဖော်ဆယ်ယူပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် မင်းရဲရေမြောင်း၌ ပျက် စီးနေသည့်ရေပြွန်(၅)လုံးအား သံကူကွန်ကရစ် ရေပေးပြွန်များဖြင့် အစားထိုး ပြန်လည်ပြုပြင် ပေးပြီးဖြစ်၍ သီးနှံမျိုးစုံ(၂၁၁)ဧကအတွက် စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်ပြီးဖြစ်ကြောင်း သိရသည်။
Oct 17,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေသန့်စင်စက်တည်ဆောက်ခြင်းလုပ်ငန်း၊ မြေသားရေကန် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သတ်မှတ်အရည် အသွေးပြည့်မီခြင်း ရှိမရှိ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။