Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးသုံးရက်ဆက်ပိတ်ခြင်းနှင့်အတူ ဘုရားဖူး လာရောက်သူများပြား တစ်ရက်လျှင် ဘုရားဖူးတစ်သောင်းခန့် ဝင်ရောက်
Oct 24,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးသုံးရက်ဆက် ပိတ်ခြင်းနှင့်အတူ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်လျက်ရှိရာ ဘုရားလာရောက်သူ များပြားလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)တာဝန်ရှိသူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံပေး
Oct 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်း ကျောင်းနေအရွယ် အမျိုးသမီးငယ်များကို ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းအား အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဆောင်းသီးနှံ လယ်သီးထပ် နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ဆိုလာစနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ပေး
Oct 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် နတလနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေရရှိရန်ခက်ခဲ့သည့် ဆောင်းသီးနှံ လယ်သီးထပ် နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ဆိုလာစနစ်ဖြင့် ရေရရှိရေးအတွက် အကောင်အထည် ဖော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီးမင်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးနိုင်တို့က ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်၌ မိုးစပါး စံပြကွက်ရိတ်သိမ်း
Oct 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး တစ်ဧက တင်း(၁၀၀) အထွက်နှုန်းရရှိရေး (၁၀)ဧက စံပြကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက နောင်မို ကျေးရွာအုပ်စု၊ ဦးပိုင်အမှတ်(၇)၊ ကွင်းအမှတ်(၁၁)၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
Oct 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် မုန့်မျိုးစုံလုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေ
Oct 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့နယ်အတွင်း အပတ်စဉ်တနင်္လာနေ့တိုင်း ကုန်စုံပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Oct 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း အပတ်စဉ်တနင်္လာနေ့တိုင်း ကုန်စုံပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က လမ်းမတော်လမ်းရှိ မြို့မပန်းခြံထောင့်၌ မိုင်းတုံအခြေချ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး ဦးဆောင်၍ တပ်နယ်မိသားစုများက အလှည့်ကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်အတွင်းမှ တိုင်းရင်းသားကျေးရွာများ၌ ရိုးရာကောက်သစ်စားပွဲများ ပျော်ရွှင်စွာဆင်နွှဲလျက်ရှိ
Oct 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း၌ ဒေသခံ ဌာနေတိုင်းရင်းသားများ၏ ရိုးရာကောက်သစ်စားပွဲများကို မိုးနှောင်းရာသီ ဆောင်းဝင်ခါစ စက်တင်ဘာလကုန်ပိုင်းမှစ၍ တိုင်းရင်းသားကျေးရွာများ၌ ပျော်ရွှင်စွာ ကျင်းပဆင်နွှဲလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15448
Page
15449
Page
15450
Page
15451
Current page
15452
Page
15453
Page
15454
Page
15455
Page
15456
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department