ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် မုန့်မျိုးစုံလုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေ

ကျွန်းလှ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 ကျမတို့ မိသားစု မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်လာတာ ခုနှစ်ကျော်လောက်ရှိပြီဖြစ်ပါတယ်။ ကုလားပဲခွေ‌ကြော်၊ ကုလားပဲချောင်း၊ အာလူးကြော်၊ ပဲစုံကြော်၊ ငါးမှုန့်ကြော်၊ ဆန်ခွေကြော်၊ မက်မန်းသီးထုတ်၊ ဇီးယိုထုတ်၊ ဂွေးသီးပေါင်း၊ စတဲ့ မုန့်မျိုးစုံလုပ်ပါတယ်။ လောင်စာအတွက် ထင်း၊ ပြောင်းဖူးရိုး၊ စပါးခွံ့တွေကို ပွင့်လင်းရာသီမှာ စုဆောင်းထားပြီး အသုံးပြုပါတယ်။ အခုအခါ မုံ့အမျိုးအစား‌ပေါ်မူတည်ပြီး တစ်ထုတ်ကို ငွေကျပ် ၅၀ မှ ငွေကျပ် ၅၀၀ ရောင်းရပါတယ်။ စားသောက်ကုန်ဆိုတော့ ရောင်းရတာအဆင်ပြေပါတယ်ဟု မုန့်မျိုးစုံ လုပ်ကိုင်သူ တစ်ဦးကပြောသည်။

အဆိုပါ မုန့်မျိုးစုံကို ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြိုနယ် ရပ်ကွက်၊ ကျေးရွာများရှိ ဈေးဆိုင်များသို့ ရောင်းချကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ