ကျွန်းလှ ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့၊ အမှတ် (၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက အသိပညာပေး ဟောပြောပွဲကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ကျွန်းလှ မြို့မရဲစခန်း၊ ရဲအုပ် အောင်ကျော်မိုးက ယာဉ်မောင်းသူများ၊ ယာဉ်ပိုင်ရှင်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများနှင့် ဥပဒေ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း အကျယ်တဝင့် ဟောပြောခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲ တက်ရောက်လာကြည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစိုးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၀) ဦးတို့က ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ