အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် 191  Sticker များကပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံများတွင် အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
Dec 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို ပုံပြင်ပြောပြိုင်ပွဲ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍   ယမန်နေ့မွန်းလွဲပိုင်းက စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။
Dec 21,2022
ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ/တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ ဦးဆောင်သောအဖွဲ့မှ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့က အိုးသည်ကုန်းမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် အလှူငွေထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Dec 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မိုးရာသီကာလတွင် စိုက်ပျိုးထားသော ပြောင်း၊ ပဲပုတ် စိုက်ခင်းများကို အငှားရိတ်သူများ နေ့စဉ် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Dec 21,2022
တီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းဦးဆောင်သည့် အဖွဲ့မှ ယမန်နေ့က တီးတိန်မြို့နယ် လိုင်လိုးကျေးရွာအတွင်း စစ်ကြောင်း ကြီး(၅)ကြောင်းဖြင့် နယ်မြေကွင်းဆင်းဆောင်ရွက်ခြင်း၊ နယ်မြေစည်းရုံး​ရေး လုပ်ငန်းများဆောင်ရွက်ကြောင်းသိရသည်။
Dec 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေနှင့်ပြည်နယ်ရန်ပုံငွေဖြင့် ကွတ်ခိုင်မြို့နယ်အတွင်း ကျေးရွာများတွင် ကျောက်ချောလမ်းနှင့် ကတ္တရာလမ်းခင်းကျင်းခြင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှစ၍ စတင်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။