တီးတိန် ဒီဇင်ဘာ ၂၁
တီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းဦးဆောင်သည့် အဖွဲ့မှ ယမန်နေ့က တီးတိန်မြို့နယ် လိုင်လိုးကျေးရွာအတွင်း စစ်ကြောင်း ကြီး(၅)ကြောင်းဖြင့် နယ်မြေကွင်းဆင်းဆောင်ရွက်ခြင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်း ဦးဆောင်သောမြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လိုက်ပါဆောင်ရွက်ခဲ့ကြောင်းသိရှိရပြီး ကျေးရွာနေပြည်သူ ၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသောဒေသခံပြည်သူ ၅၀ ဦးအား အချိုရည် ခေါက်ဆွဲခြောက်နှင့် မုန့်မျိုးစုံ ထောက်ပံခဲ့ကြောင်း သိရသည်။
မိုးမိုး