လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားထားသော ဘဝချမ်းသာစာအုပ်ဖြင့်စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဦးမြင့်ဇော်က စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရရှိစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထကောင်းများရရှိစေရန်နှင့် အချင်းချင်းစာပေဗဟုသုတများဖလှယ်တတ်စေရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍စာရေးဆရာသုတေသီဘုန်းမြင့်သွေး ရေးသားထားသော ဘဝချမ်းသာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ စာရေးဆရာအယ်ဒီတာ ဦးသူရဇော်(ဉာတတ္ထစရိယာ)က ဘဝတစ်ခုဖြစ်လာရင်ဒုက္ခဆိုတာရှိလာစမြဲမို့ တရားသဘောအရတော့ ဘဝမှာချမ်းသာမှုမရှိဘဲ ဒုက္ခချည်းဘဲသာဖြစ်တော့တယ်။ ဒါဟာလောကုတ္တရာအမြင်လို့ စာရေးသူဟာယူဆတယ်။ လောကီအမြင်မှာတော့ဘဝချမ်းသာရှိတယ်။ ဒါကြောင့်လောကီအမြင်အရဘဝကို အရမ်းခင်တွယ်နေကြရတယ်စသည်ဖြင့် ပြောကြားဆွေးနွေးလျက်ရှိပြီး ကျန်ခေါင်းစဉ်များကိုလည်း ဝန်ထမ်းများမှအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မြင့်ဇော်(ပြန်/ဆက်)