အမြို့မြို့အနယ်နယ်သတင်းများ

Nov 13,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၁၉/၂၀၂၂) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
Nov 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်(၉)နာရီက (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး အားစကားပြိုင်ပွဲများတွင် ထူးချွန်သူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Nov 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အမှတ် (၈၁) ယာဉ်ထိန်းတပ်ဖွဲ့စု၊ (မြောင်းမြ)က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို သူနာ​ပြုသင်တန်းကျောင်းတွင် ယနေ့ နံနက် (၁ဝ)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အင်းစိန်မြို့နယ်၊ အ.လ.က(၁၀) ကျောင်းတွင် ဟောပြောခဲ့သည်။
Nov 13,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်စု၊ ကွန်တိုင်တောင်ကွင်း၌ ကျင်းပပြုလုပ်သည်။
Nov 13,2022
အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မဲပေးနိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါရှိရေး၊ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးခွင့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။
Nov 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နေ့လည်(၁၂)နာရီအချိန်က ကျင်းပခဲ့သည်။