အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဒေသခံတောင်သူများက အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ဆောင်းသီးနှံနေကြာအား အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယခု နိုဝင်ဘာလ(၁၀)ရက်နေ့အထိ ဆောင်းနေကြာသီးနှံ ၂၃၉၁ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ဆောင်းနေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Nov 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တခေမာစာရအမှူးပြုသည့် သံဃာတော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ရှမ်း(အရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များသည့် ယမန်နေ့နံနက်ပိုင်းက ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ မိုင်းနှုန်းကျေးရွာအုပ်စု၊ ပါကန်ကျေးရွာ၌ တည်ထားတော်မူသည့် မိုင်းနှုန်းနှီးဘုရားကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Nov 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၁၃၃) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့ လှည့်လည်အပူဇော်ခံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က သတ္တဌာနဘုရားဝန်းအတွင်းရှိ ဓမ္မာရုံတွင်ဆောင်ရွက်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘုရားကြီးဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက် ကြသည်။
Nov 14,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မကွေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်သင်ကြားပို့ချပေးမည့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ သင်တန်းသား/သူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
Nov 14,2022
မာန်အောင်မြို့နယ်၊ ခအုန်းမော်ကျေးရွာအုပ်စု၊ ခအုန်းမော်ရွာသစ်ကျေးရွာ၌ တောင်သူ ဦးမောင်သိန်း၏ လယ်မြေတွင် ဆင်းသွယ်လတ်မျိုးစပါးအား (Rs to Cs) မျိုးစေ့ထုတ်နည်းပညာများအတိုင်း စိုက်ပျိုး ဆောင်ရွက်ထားသည့် မိုးစပါးစိုက်ခင်းတွင် မြို့နယ်အဆင့်မိုးစပါး (၀.၁၀) အရွယ်ကို ရိတ်သိမ်းခြွေလှည့်စက်ဖြင့် စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့က ကျင်းပခဲ့သည်။
Nov 14,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာမှ မြောက်ဘက် ၁မိုင် ၅ ဖာလုံခန့်အကွာ၊ ပုပ္ပားဂေါက်ကွင်းမှ အနောက်ဘက် ၁ မိုင် ၁ဖာလုံခန့်အကွာတွင် ပုပ္ပားအုပ်စု၊ သံဖိုချောင်းဖျားကျေးရွာနှင့် သံဖိုအုပ်စု၊ သံဘိုအလယ်ရွာ၊ သံဘိုရွာသစ်တို့တွင် နှစ်သက်တမ်းများစွာကတည်ရှိခဲ့သည့် ကြီးမားသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း တည်ရှိရာ သံဖိုကျေးရွာအား ပုဂံခရီးစဉ်ဒေသနှင့် တဆက်တစပ်တည်း သွားရောက်လေ့လာနိုင်သည့် ရှစ်ခုမြောက်ခရီးစဉ်ဒေသအဖြစ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဖော်ဆောင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီဖြစ်ကြောင်း သိရသည်။
Nov 14,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း၌ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။