Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ကြည့်ရှုအားပေး
Jun 18,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူလေးများအား ယနေ့ နံနက် ၈ နာရီခွဲက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်
Jun 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သဘာဝဘေးဖြစ်ပွားစဉ် လုပ်ဆောင်ရမည့်အချက်များ၊ ဖြစ်ပွားပြီးချိန် ကူညီကယ်ဆယ်မှု၊ ထောက်ပံ့မှု ဆောင်ရွက်ရမည့်အချက်များကို သိရှိနားလည်ဆောင်ရွက်နိုင်စေရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂ဝ၂၅)ကို ဇွန်(၁၈)ရက်နံနက်ပိုင်းက မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနခန်းမတွင် ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးခန်းများအား သတ်မှတ်ချက်များ လိုက်နာမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ လိုင်စင်သက်တမ်းတိုးလျှောက်ထားသော ဆေးခန်းများအား ယမန်နေ့မွန်းလွဲ (၁) နာရီက သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ
Jun 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့၌ မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်
Jun 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်များအတွက် အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အမှတ် ၁ ရပ်ကွက် မြို့အဝင်ဆိပ်ခံတံတား၌ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့ အ.လ.က(ခွဲ) ညောင်ဝိုင်းကျောင်းတွင် စွန့်ပစ်အမှိုက် (၄)မျိုးခွဲခြားစွန့်ပစ်မှုအကြောင်း ဟောပြောပွဲကျင်းပ
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အ.လ.က(ခွဲ) ညောင်ဝိုင်းကျောင်းတွင် စွန့်ပစ်အမှိုက် (၄) မျိုးခွဲခြားစွန့်ပစ်မှုအကြောင်း ဟောပြောပွဲ ကျင်းပပြီး လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့၌ ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီးဝါယာလျှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား
Jun 18,2025
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြို့မ (၁) ရပ်ကွက်၊ မင်းလမ်း၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ညောင်လေးပင်မြို့၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရုံးအောက် မြေညီထပ်တွင် ဒေါ်နီနီလှိုင်၊ အသက် (၅၃) နှစ်၊ (အဘ) ဦးရှန်လှိုင်၊ တရုတ်/ဗုဒ္ဓ ညောင်လေးပင်မြို့နေသူပိုင်ဆိုင်သည့် " King " မုန့်တိုက်ဆိုင်၌ ယနေ့နံနက် (၇) နာရီ ၁၀ မိနစ်အချိန်က ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီးဝါယာလျှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက် (၇) နာရီအချိန်က ဖျာပုံမြို့ မြို့မစျေးကြီးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1357
Page
1358
Page
1359
Page
1360
Current page
1361
Page
1362
Page
1363
Page
1364
Page
1365
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department