Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သုံးခွမြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်နိုင်ရေး ပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပ
Feb 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးဆောင်မှုဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်နိုင်ရေး ပညာပေးကွင်းသရုပ်ပြပွဲကို သိုက်တူးကန်ကျေးရွာ တောင်သူဦးမောင်မြင့်၏ ကွင်း၊ ဦးပိုင်အမှတ် -၈၄၆ ၊ A, ၁၅ /၂ ပဲတီစိမ်း ၁၀ ဧက စိုက်ခင်းရှိ တောင်သူပညာပေးခန်းမတွင် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး
Feb 18,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် သရက်ချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အဖွဲ့ဝင်များက ယနေ့နံနက် ၇ နာရီခွဲမှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာဈေးအတွင်းအပြင်နှင့် မြိတ်-ထားဝယ်ကားလမ်းမပေါ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Feb 18,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ကရသူရိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် 191 စတေကာများကပ်ခြင်းဖြင့် အသိပညာပေးဆောင်ရွက်မှုကို ဖေဖော်ဝါရီ ၁၈ရက် နံနက် ၈နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ၌ စိုက်ပျိုးထားသော ဝါသီးနှံများအောင်မြင်ဖြစ်ထွန်း
Feb 18,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ၌ တောင်သူ ဦးမွှေး စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Feb 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာကောင်းစံသာ(ရေကြည်)ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသ
Feb 18,2026
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀)နာရီက ပြသသည်။
အပြည့်အစုံ ဖတ်ရန်
ရှေးဟောင်းကျောက်စာများအား (Reflectance Transformation Imaging - RTI) စနစ်ဖြင့် ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးခြင်းလုပ်ငန်းဆောင်ရွက်
Feb 18,2026
ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံသည် သမိုင်းရာဇဝင်များအရ ခရစ်သက္ကရာဇ် ၁၀၈ ခုနှစ်မှစ၍ ပုဂံမြို့ပြတည်ထောင်ပြီး မင်း(၅၅)ဆက်တိုင် အုပ်စိုးခဲ့သောမြို့ပြနိုင်ငံ ဖြစ်ခဲ့သည်။ မြို့ပြနိုင်ငံဖြစ်ခဲ့ကြောင်း ယနေ့ထိတွေ့မြင်နိုင်သည့် ဘုရားစေတီပုထိုးများ၊ ဘာသာရေး ဆိုင်ရာသာသနိက အဆောက်အအုံများက သက်သေတည်လျက်ရှိသည်။ အဆိုပါ ဘုရား၊ စေတီ၊ ပုထိုးများနှင့်အတူ ကျောက်စာ၊မင်စာ၊အုတ်ခွက်စာ၊ အုတ်ခဲစာ၊ ခေါင်းလောင်းစာ စသည့် စာပေအထောက်အထားများပါ လေ့လာနိုင်သည်။ ၎င်းစာပေအထောက်အထား များသည် ယင်းတို့နှင့်ခေတ်ပြိုင် လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စာပေနှင့်ဓလေ့ထုံးစံများကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊စေတီ၊ပုထိုးများ နှင့်ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင်လေ့လာနိုင်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Feb 18,2026
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများ အားအခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယနေ့နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံအောက်ထပ်၌ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1354
Page
1355
Page
1356
Page
1357
Current page
1358
Page
1359
Page
1360
Page
1361
Page
1362
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department