မန်းကျည်းသီး ခူးဆွတ်ပြီးချိန်၌ အသားထု အငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေ

ငါ့သရောက်မြို့ မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် မန်းကျည်းသီးများခူးဆွတ်ပြီးချိန်တွင် မန်းကျည်းသီး လှောင်သူများမှ မိမိတို့ဝယ်ယူပြီး မန်းကျည်းသီးများကို အသားထုလှောင်ရန်အတွက် ငှားရန်းလာသောကြောင့် မန်းကျည်းသီး အသားထု အငှားလိုက်သူများ ပုံမှန်ဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငါ့သရောက်မြို့တွင် မန်းကျည်းသီးများ ခူးဆွတ်ပြီးချိန်တွင် မန်းကျည်းပွဲစားများသည် ကျေးရွာ များသို့ သွာရောက်ပြီး မန်းကျည်းသီးများ ဝယ်ယူစုဆောင်ထားကြောင်း သိရသည်။ ဝယ်ယူ စုဆောင်းထားသော မန်းကျည်းသီးတောင့်များကို အသားထု၍ သိုလှောင်ပြီး မိမိတို့စိတ်ကြိုက် ဈေးရရှိမှ ရောင်းချကြကြောင်း သိရသည်။ မန်းကျည်းပွဲစားများ ယခုလို အချိန်တွင် မိမိတို့ဝယ်ယူ ထားသော မန်းကျည်းသီးအတောင့်များကို အသားထုရန်အတွက် အငှားလိုက်သူများကို တစ်ပိဿာ လျှင် (၃၅၀) ကျပ်ဖြင့် ငှားရန်းကြရသည်။ အငှာလိုက်သူများမှာလဲ တစ်ရက်လျှင် မန်းကျည်းသီး အသားထု လျှင် ပိဿာချိန် (၂၀)မှ (၂၅) ပိဿာထိထုနိုင်ပြီး တစ်ရက်ဝင်ငွေ (၇၀၀၀)ကျပ်မှ (၁၀၀၀၀)ထိ ရရှိသောကြောင့် အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

P.W.A (ပြန်/ဆက်)