အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများကို နေပြည်တော်မြို့နေ ဦးညီထွန်းနှင့် ဒေါ်နန်းကြာယုံမိသားစုတို့မှ ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
Jun 21,2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများရှိဒေသခံများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများပေးနိုင်ရန်အတွက် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ ၊ဆေးမှူးများ၊ သူနာပြုများသည်  ယမန်နေ့က ပေါက်တောမြို့နယ် ငဝက်စွယ်ကျေးရွာနှင့် ဟင်းခရော်ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
Jun 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားရေဝေရေလဲဒေသ၌ ကျင်းပရာ
Jun 21,2023
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နေလည်ပိုင်းအချိန်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေး Talk Show အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြု့ရုံး လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Jun 21,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ဇွန်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Jun 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက်၁၁နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပခဲ့သည်။              
Jun 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက်(၇) နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။