Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jun 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရဟန်းရှင်လူပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jun 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ၏ နေ့စဥ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စားသောက် ကုန်များကို ပြင်ပစျေးနှုန်းများ ထက်လျှော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့ နံနက် ၇ နာရီ က စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ် ဆောင်ရွက်
Jun 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီတိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းရက်သတ္တပတ် အစီအစဉ်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပျဉ်းမထုံး ကျေးရွာအုပ်စု၌ သရုပ်ပြလက်တွေ့စိုက်ပျိုးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ ၂၀၂၃ ခုနှစ် သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာပေး အစည်းအဝေးကျင်းပ
Jun 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် သွေးလွန်တုတ်ကွေးဆိုင်ရာ အသိပညာပေး အစည်းအဝေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၌ ဒေသထွက်ပန်းထိမ်ငိုပန်းများ လှိုင်လှိုင်ထွက်ရှိပြီး ယခင်နှစ်များထက် ဈေးကောင်းရရှိ
Jun 21,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးရောင်းချကြရာ ယခုအခါ တွင်ပင်းတယမြို့ အနီးအနားကျေးရွာများတွင် စီးပွားဖြစ် စိုက်ပျိုးထားသည့် ဒေသထွက်ပန်းထိမ်ငိုပန်းများ လှိုင်လှိုင်ထွက်ရှိနေပြီး ယခင်နှစ်များထက် ပိုမိုဈေးကောင်း ရရှိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့မြို့မစျေးတွင်ကိုဗစ်ကာကွယ်ဆေး Sinopharm (Booster) ထိုးနှံပေး
Jun 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ မြို့မစျေးတွင် ယနေ့နံနက် (၉:၃၀) အချိန်က ပင်လုံမြို့မြို့မစျေးရှိ စျေးရောင်းချသူ စျေးသူ/စျေးသားများအား ကိုဗစ်ကာကွယ်ဆေး Sinopharm (Booster)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့နယ်၌ မြို့မရဲစခန်းတွင် ပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး
Jun 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မရဲစခန်း တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများရှိ အမှိုက်သရိုက်နှင့် နုံးများဆယ်ယူရှင်းလင်း
Jun 21,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်သရိုက်နှင့်နုံးများ ဆယ်ယူရှင်းလင်းခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10722
Page
10723
Page
10724
Page
10725
Current page
10726
Page
10727
Page
10728
Page
10729
Page
10730
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department