ကြံခင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး  Door to Door ဆောင်ရွက်နေမှုအား တိုင်းရင်းသားရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ရွာသစ် ရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်များ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး Door to Door ကွင်းဆင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဘိုကလေးမြို့နယ်၏ မဲစာရင်းမှန်ကန်ရေး တစ်အိမ်တက်တစ်အိမ်ဆင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မဲစာရင်းများမှန်ကန်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် တစ်အိမ်တက်တစ်အိမ်ဆင်းဖြင့် မြို့နယ်ဌာနဆိုင်ရာများဖြင့်ဖွဲ့စည်းထားသည့် မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များမှ မြေပြင်လူဦးရေစာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ယနေ့ နေ့လယ် (၂) နာရီခွဲအချိန်၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်မြို့မဈေးတွင် မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မြို့မဈေးတွင် ယခုအခါ ပွင်းလင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ (၂)နာရီက မီးဘေးလုံခြုံရေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့ ​မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဖောင်းပြင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များအား စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဖောင်းပြင်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များ စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၄ ရက်နေ့ နေ့လယ် (၁) နာရီက ဖောင်းပြင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် NPS ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

လူငယ်ကဏ္ဍကို မြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နံနက် (၉) နာရီခွဲက NPS ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ဘီးလင်းမြို့၊ အ.မ.က (ခွဲ) မုသင်ရွာလေးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် အခြေခံပညာဦးစီး ဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း ၊နံရံကပ်စာစောင် ပြသခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အ.မ.က (ခွဲ) မုသင်ရွာလေးကျောင်းသို့ သွားရောက် ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့နယ်အ.မ.က‌ အေးရိပ်ငြိမ်အရှေ့(၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ (၃) ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်ရှိ အ.မ.က အေးရိပ်ငြိမ်အရှေ့ (၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် လုပ်ငန်းကိုဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့်ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ညောင်တုန်းမြို့နယ်၌ "ဒို့အတူတူမဲပေးကြမည်"ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ "ဒို့အတူတူမဲပေးကြမည်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် အသိပညာပေးဖြန့်ဝေခဲ့သည်။
Subscribe to