ကော့သောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် (191)စတေကာ ကပ်နှံခြင်းများကို ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့အတွင်းရှိ လမ်းဆုံလမ်းခွများ၊ လမ်းသွားလူလာများပြားစည်ကားရာနေရာများတွင် ဆောင်ရွက်သည်။