တောင်တွင်းကြီးမြို့ ၂၀၂၅ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရက ဆပ်ကပ်လှူဒါန်းသည့် “ကမ္မဋ္ဌာနစရိယ” ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ဇဗ္ဗူသီရိဓမ္မ ဗိမာန်တော် ရေစက်ချ အခမ်းအနားကျင်းပ
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ထူပါရုံမိုးကုတ် ဓမ္မရိပ်သာကျောင်းတိုက်ပဓာန နာယက မိုးကုတ်နယ်လှည့် ဓမ္မကထိက၊ ဘဒ္ဒန္တ သာသနာ၊ သာသန ဓဇ ဓမ္မစရိယ၊ ဝိနာယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ မြန်မာ့ပရဟိတအလင်းရောင်၊ ဗုဒ္ဓသာသနာပြုအသင်းကြီး၏ တရားဟောဂုဏ်ထူးဆောင် မဟာဓမ္မကထိက၊ B.Sc Zoology၊ ၂၀၂၅ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရက ဆပ်ကပ်လှူဒါန်းသည့် ကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ဇဗ္ဗူသီရိဓမ္မ ဗိမာန်တော် ရေစက်ချအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။