ရွှေတောင်မြို့နယ်တွင် သာသနဓဇဓမ္မာစရိယဂုဏဝိသိဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း ၊သာသနာ့ဗိမာန်တော်၌ ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင် (၄၇)ပါးတို့အား ဂုဏ်ပြုပူဇော်အပ်သော သာသနဓဇဓမ္မာစရိယဂုဏဝိသိဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ်၊ အောင်တပ်စံပြကျေးရွာမှ ဝက်မွေးမြူသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

သာပေါင်းမြို့နယ်၊ အောင်တပ်စံပြကျေးရွာမှ ဝက်မွေးမြူသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း သာပေါင်း ဇူလိုင် ၇ မြို့နယ်(ပြန်/ဆက်)

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ 

ကရင်ပြည်နယ် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန် ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ဇူလိုင် ၇ ရက်က ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ငလျင်ဘေးခံရသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ ဆန်ရိက္ခာထောက်ပံ့

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ငလျင်ဘေးခံရသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ဆန်ရိက္ခာထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ ကန်ကြီးထောင့် ဇူလိုင် ၇ မြို့နယ်(ပြန်/ဆက်)

ပြင်ဦးလွင်မြို့နယ်တွင် ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် နာရသိန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ထုံးဘို-နောင်လှိုင်-သပြေရေကျေးရွာချင်းဆက်လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ပြင်ဦးလွင်မြို့နယ်တာဝန်ခံနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပခုက္ကူတက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် (၁) လမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၌ ဒေသခံပြည်သူများ ရာသီမရွေးဆက်သွယ်သွားလာရေး လွယ်ကူစေရန်အတွက် အရှည်လမ်းပေ ၈၉၀၊ အကျယ် ၁၃ ပေရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မယ်ခေါင် (၁) လမ်းတွင် ကျင်းပသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့” အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to