မိုးနဲမြို့နယ် အမှတ်(၁)မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သန်လျင်မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံ

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အောင်မင်္ဂလာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

တာမွေမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု GBV အသိပညာ‌ပေးသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု GBV အသိပညာ‌ပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က သင်္ဃန်းကျွန်းခရိုင်လူမှုဝန်ထမ်းရုံး၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ရှိန်မြင့်မားရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒီဇင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာ၂၈ ၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ၌ ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီက လူစည်ကားရာနေရာဖြစ်သည့် စစ်ကိုင်း-မန္တလေးကားလမ်း သံလမ်းဆုံတွင် ဖြန့်ဝေခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၉)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၉) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဗလငါးတန်နှင့်ပြည်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီက  လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် မိုးနဲမြို့ရှိ တံတားတည်ဆောက်မှုအား ကြည့်ရှုစစ်ဆး

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် မိုးနဲမြို့ရှိ တံတားတည်ဆောက်မှုအား ကြည့်ရှုစစ်ဆး မိုးနဲ ဒီဇင်ဘာ ၁၀ မြို့နယ်(ပြန်/ဆက်)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူ‌ထောင်ရေးစခန်း(မန္တလေး)တွင် ဖွင့်လှစ်သည့်စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)တွင် ဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်(၁/၂၀၂၅)ကို ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။

ညောင်ရွှေမြို့နယ် တောင်ခြေကျေးရွာအခြေခံပညာမူလတန်းကျောင်းနှင့် အ.မ.က(၂)မူလွန်ကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ လူငယ်သိပညာပေးပြပွဲဆောင်ရွက်ခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ တောင်ခြေကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင် ရွက်ခဲ့သည်။

ဘုတ်ပြင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့က နို့ငွါးကျေးရွာအုပ်စု ချောင်းကဖီးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to