ကျောက်တန်းမြို့နယ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်

ကျောက်တန်းမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။ ဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားသင်တန်းများမှာ ဘောလုံးသင်တန်း၊ ဖူဆယ်သင်တန်း၊ ပိုက်ကျော်ခြင်းသင်တန်း၊ ကရာတေးဒိုသင်တန်း၊ မြန်မာသိုင်းသင်တန်းများဖြစ်ပြီး ကျောက်တန်းမြို့နယ်၊ စံချိန်မှီဘောလုံးအားကစားကွင်း၊ မြို့နယ်အားကစားရုံနှင့် (အ.ထ.က-၂) သောကကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား စိုက်ပျိုးချိန်အမီ သွင်းအားစုများ ပံ့ပိုးပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် မြို့နယ်သမဝါယမဦးစီးဌာနက နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများအား စိုက်ပျိုးချိန်အမီ ပံ့ပိုးပေးအပ်လျက်ရှိသည်။

ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ်ဦးဇော်မိုးဦး (တည်ဆောက်ရေး) နှင့် ဦးညီညီလွင် (မြို့ပြ) တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း၊ ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း၊ ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပသည်။

လိပ်သိုဒေသထွက် ရိုဘတ်စတာကော်ဖီစေ့များဈေးနှုန်းကျဆင်း

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံတောင်သူများမှာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြရာ ရိုဘတ်စတာ(Robusta) ကော်ဖီမျိုးများကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးနှင့်ပက်သတ်၍ အတု/အစစ် ခွဲခြားသိရှိနိုင်ရေး ရက်တိုသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးနှင့်ပတ်သတ်၍ အတု/အစစ် ခွဲခြားနိုင်ရေး ရက်တိုသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်ရုံး ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး Gu Solar Mart ဆိုင်သို့ မီးဘေးကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ Gu Solar Mart (Solar၊ Battery၊ Inverter & accessory) ဆိုင်သို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး‌ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များအား အတတ်ပညာသင်ကြားနေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ဖေဖော်ဝါရီ ၁၈ ရက်နံနက်ပိုင်းက နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များအား အတတ်ပညာသင်ကြားနေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့သည်။
Subscribe to