ဘိုကလေးမြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတွင် မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ဘိုကလေး ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ညနေ (၃) နာရီခွဲအချိန်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းတို့ ဆောင်ရွက်သည်။

မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောရာသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းလှိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းနှင့်ဝန်ထမ်းများ တက်ရောက်ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်က မီးဘေးလုံခြုံရေးနှင့်ပတ်သတ်၍ လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့်အဖွဲ့ကဟောပြောပွဲတက်ရောက်ကြသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ ဆီမီးလောင်မှု ငြှိမ်းသတ်နည်းအား သရုပ်ပြခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများအား လက်တွေ့ မီးငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)