မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ၌ တိုင်းရင်းဆေးကုဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာရှိ ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးကုဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပန်းတော်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ကျိုက်လတ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယ‌နေ့နံနက်ပိုင်းကသက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပန်း‌တော်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စမ်းချောင်းစဉ့်အိုးဖိုကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စမ်းချောင်းစဉ့်အိုးဖိုကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်း ကျောင်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ စားရေရိက္ခာဖူလုံပိုလျှံ၍ ဒေသထုတ်ကုန်နှင့်စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မည်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော ပတ်ဝန်းကျင်၌ မိကျောင်းအန္တရာယ် သတိထားရှိရန် အသိပညာပေးနှိုးဆော်

မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာချောင်းထဲတွင် ဇူလိုင်(၂)ရက်နှင့် (၃)ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် ကျေးရွာသား(၂)ဦးအား မိကျောင်းဆွဲခံခဲ့ရသဖြင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် မိကျောင်းဆွဲခံရအပြီး ရက်ပိုင်းများမှစတင်၍ နေ့စဉ်သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိမ်းသိန်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက မိကျောင်းအန္တရာယ်သတိထားရှိရန် အသံချဲ့စက်ဖြင့် မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့်ထိစပ်ရာ မြစ်၊ ချောင်းများ၌ လှည့်လည် အသိပညာပေးနှိုးဆော် ဆောင်ရွက်လျက်ရှိသည်။

သာပေါင်းမြို့နယ်တွင် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့်အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး စိစစ်ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက် ၇ နာရီအချိန်မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးအတွင်း၊ အပြင်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။

အိမ်မဲမြို့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် မဟာသဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရားကြီးများ၏ ဂုဏပူဇာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြိုနယ်ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး ၌ နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ကွင်းကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိယနှင့် မဟာသဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အရ ဗောဓိမြိုင်ဆရာတော် ဘဒ္ဒန္တပညာစက္က ဆရာတော်ဘုရားကြီးများ၏ ဂုဏပူဇာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီကကျင်းပခဲ့ကြောင်း သိရသည်။

လင်းခေးမြို့နယ် (၄၉)ကြိမ်မြောက် အသံမစဲပဋ္ဌာန်းအောင်ပွဲနှင့် (၂၅)ကြိမ်မြောက်ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ (၄၉) ကြိမ်မြောက် အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် (၂၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက လင်းခေးမြို့၊ မဟာမြတ်မုနိဘုရားကျောင်းတော် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to