ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်မှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စုရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်) သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။