ပြည်ကြီးတံခွန် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက စတင်၍ စက်ရုံအလုပ်ရုံများနှင့် မီးဘေးစိုးရိမ်ရသော ရပ်ကွက်လူ နေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င် ၁၀ ဦး၊ အရန်တပ်ဖွဲ့၀င် ၂၀ ဦးတို့ဖြင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ စက်ရုံအတွင်းတပ်ဆင်ထားသော မီးငြှိမ်းသတ်ရေးစနစ်များအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခြင်း၊ မီးဘေးစိုးရိမ်ရသော ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ 191 report applicationအား ထည့်သွင်းပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိ စေရေးမှာကြားခဲ့ခြင်းအား တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်၀င်းထွန်းမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)