မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းဖွင့်လှစ်

မှော်ဘီ မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊  ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းဖွင်ပွဲအခမ်းအနားကို မတ် ၂၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်များ ငယ်ရွယ်စဉ် ပညာသင်ကြားနေချိန်ကာလ၌ လျောက်လှမ်းရမဲ့လမ်း နှစ်လမ်းရှိပါကြောင်း ပထမတစ်လမ်းက လျောက်ကိုလျောက်ရမဲ့လမ်းဖြစ်ပြီး နောက်တစ်လမ်းက ကိုယ်လျောက်ချင်တဲ့လမ်းဖြစ်ပါကြောင်း ကိုယ်လျောက်ချင်တဲ့လမ်းကို လှလှပပလျောက်နိုင်ရန် ဆရာများသင်ကြားပြသချိန်တွင် ဂရုတစ်စိုက်လေ့လာသင်ယူကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ "ကမ္ဗောဇ" အင်္ဂလိပ်စကားပြောသင်တန်း နည်းပြဆရာ ဦးမျိုးမင်း (ဆရာကော)က သင်တန်းကာလ၌ Grammar များ၊ အင်္ဂလိပ်ဝါကျ အရေးအသားများစသည်တို့ကို သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းသို့ မှော်ဘီမြို့နယ် အမှတ် (၁) ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၀ နာရီအထိ ၃၀ အချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းဝင်း (ပြန်/ဆက်)