မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မော်လမြိုင် ပြည်သူ့ဆေးရုံကြီး အနောက်ဆောင် အမျိုးသမီးခွဲစိတ်ဆောင်ပေါ်သို့ ပိတောက်ပင် လဲကျမှုဖြစ်ပွား
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ တောင်ပေါ်ဆောင်လမ်းရှိ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး အနောက်ဆောင် အမျိုးသမီးခွဲစိတ်ဆောင်ပေါ်သို့ ယမန်နေ့နံနက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆေးရုံကြီး အမျိုးသမီးခွဲစိတ်ဆောင် အနောက်ဘက်ရှိ ပိတောက်ပင် ပြိုလဲကျပြီး ထိခိုက်ပျက်ဆီးခဲ့သဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဦးအဖွဲ့၊ မော်လမြိုင် တပ်နယ်အဖွဲ့ ဒုတိယဗိုလ်မှူးကြီး အောင်ဇော်ဟိန်းအဖွဲ့၊ လူမှုကူညီရေးအဖွဲ့ ဘိုဘိုဝင်းနှင့်အဖွဲ့၊ ရပ်ကျေးအဖွဲ့များ ပူးပေါင်း၍ရှင်းလင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။