ရွှေကျင်မြို့တွင် မြစ်ရေများဝင်ရောက်လာမှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ပြောင်းရွှေ့
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေနှင့် ရွှေကျင်မြစ်ရေများ မြင့်တက်လာကာ အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ယမန်နေ့ နံနက်ပိုင်းမှစ၍ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။