ကာလိမြို့တွင် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကာလိမြို့အတွင်းရှိ စက်သုံးဆီဆိုင်များတွင် လက်ရှိရောင်းချလျက်ရှိသော ဈေးနှုန်းနှင့် သိုလှောင်ထားသော အရေအတွက်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျုတာ (အချိန်ပိုင်း) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျုတာ (အချိန်ပိုင်း) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

မုဒုံ၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျောင်းသား/သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၁)၌ ပြုလုပ်သည်။

လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရန်ကုန်ကိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၄ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပသည်။

အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က အ.မ.က ကွေ့ချောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်သည်။

ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ (၂၄)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲတွင် အကောင်းဆုံးစာတမ်းဆုရှင်များအား ဆုများပေးအပ်

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ (၂၄)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အသုံးချလူမှုနှင့်သဘာဝသိပ္ပံဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲကို ဩဂုတ်လ(၁၄)ရက်နေ့မှ ဩဂုတ်လ(၁၅)ရက်နေ့အထိ နှစ်ရက်ကြာ အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြပြီး ယမန်နေ့ မွန်းလွဲပိုင်းကစာတမ်းဖတ်ပွဲတွင် အကောင်းဆုံးစာတမ်းဆုရရှိခဲ့ကြသည့် စာတမ်းဆုရှင်များအား ဆုများပေးအပ်ပွဲအခမ်းအနားကို ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

သနပ်ပင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေမြတ်နိုးသူအသင်း(Book Club)အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမခင်စောတင့်၏ "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတခရိုင်အတွင်းရှိ တောင်သူများအား မျိုးစပါး၊ သွင်းအားစု (ဓာတ်မြေသြဇာ+သဘာဝမြေသြဇာ)များ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ ဒေါင့်တဲကျေးရွာရှိ ကွင်းအမှတ် (၁၂၉၃)၊ ဦးပိုင် အမှတ်(၁၁၄/၂)ရှိ တောင်သူ ဦးမောင်ကိုပိုင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါး စိုက်ပျိုးထားသော လယ်(၂)ဧကအား အစေ့ချစက် Drum Seeder ဖြင့် ပြန်လည်ထွန်ယက်၍ ထွန်းပုအမျိုးအစား(၇၅)ရက်သား မျိုးစပါး ပြန်လည်စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာ တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Subscribe to