ကာလိ ဩဂုတ် ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကာလိမြို့အတွင်းရှိ စက်သုံးဆီဆိုင်များတွင် လက်ရှိရောင်းချလျက်ရှိသော ဈေးနှုန်းနှင့် သိုလှောင်ထားသော အရေအတွက်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်သန်းနှင့် ဝန်ထမ်းများ၊စည်ပင်သာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်မြင့်လွင်၊ ရဲတပ်တပ်ဖွဲဝင်များ၊ မီးသတ်သတ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေးစာရေးတို့က ကာလိမြို့အတွင်း ဖွင့်လှစ်ထားသော စက်သုံးဆီဆိုင်များတွင် လက်ရှိရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းများနှင့် သိုလှောင်ထားသော ဓာတ်ဆီ၊ ဒီဇယ်အရေအတွက်များအား ကွင်းဆင်းစစ်ဆေး၍ စာရင်းများကောက်ယူခဲ့ကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)