လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ

လှည်းကူး သြဂုတ် ၁၆

ရန်ကုန်ကိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၄ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က အဖွင့်အမှာစကားပြောကြားပြီး လှည်းကူးခရိုင်ဆရာဝန်ကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းဒန်ဦး၊ ကျန်းမာရေးမှူးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှတာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရအုပ်စုများနှင့်ပတ်သတ်၍ လက်တွေ့သရုပ်ပြပြီး အသိပညာပေးဟောပြောသည်။

ဆက်လက်ပြီး တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရပြည့်ဝမျှတသည့် အစားအစာများအား တစ်ဦးချင်းပေးအပ်ပြီး အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးလုံးတိုက်ကျွေးခြင်း၊ သံချဆေးပေးဝေခြင်းနှင့် လက်ဆောင်ပစ္စည်းများပေးဝေခဲ့ကြောင်း သိရသည်။

အေးအေးနွဲ(ပြန်/ဆက်)