ပြည်မြို့၊ ရွှေတံခါးအ.ထ.ကကျောင်းတွင် "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲ" ဆောင်ရွက်

ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များဘက်စုံဖွံ့ဖြိုးရေး "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ"ကို ယနေ့နံနက်ပိုင်းက ရွှေတံခါးအ.ထ.ကကျောင်း၌ ကျင်းပပြုလုပ်သည်။

လှိုင်းဘွဲမြို့နယ်တွင် ကျောင်းကျန်းမာရေးကော်မတီများ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး ကော်မတီဝင်များ ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းဆိုင်ရာ ပြည်လည်သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က ပြည်သူ့‌ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့ အ.မ.က လော်စောဒေးကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာရည်ချွန်ဆု ချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊  လော်စောဒေးကျေးရွာ အ.မ.က လော်စောဒေးကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီးပွဲတော် အခမ်းအနား ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ကရသူရိမြို့တွင် ပုံပြင်ပြော ပြိုင်ပွဲ၌ ဆုရရှိသူအား ဆုချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပသည့် ပုံပြင်ပြောပြိုင်ပွဲ၌ ဆုရရှိသူအား ဆုချီးမြှင့် ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

P-Fizer(Original Strein) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၂၂-၁-၂၀၂၄)ရက်နေ့တွင် P-Fizer(Original Strain)ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်မူလတန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊  မြဝတီမြို့၊ ပညာရွှေဖူး   ကိုယ်ပိုင်မူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က  အဆိုပါမူလတန်းကျောင်း  ခန်းမဆောင်၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် နွေစပါး(Drum Seeder) လက်ဆွဲကောက်စိုက်စက်ကိရိယာဖြင့် ရတနာတိုး (YSR) စပါးမျိုး စိုက်ပျိုးသရုပ်ပြ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာ ကွင်းအမှတ်(၄၂၀C)အင်ကြင်းစင်ကွင်းအတွင်းရှိ တောင်သူဒေါ်ဌေးရီ၏ လယ်မြေ(၄.၀၀)ဧကတွင် ယမန်နေ့နံနက်ပိုင်းက နွေစပါး(Drum Seeder)လက်စွဲကောက်စိုက်စက်ကိရိယာဖြင့် ရတာနာတိုး(YSR) စပါးမျိုးစိုက်ပျိုးသရုပ်ပြ အခမ်းအနားကျင်းပခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပခြင်းကို ယနေ့နံနက် ၉နာရီက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမဆောင်၌ ကျင်းပသည်။

မဟာ‌အောင်မြေမြို့နယ်၊ (Community Centre)ခန်းမ၌  စာအုပ်၊စာစောင်နှင့် နံရံကပ်စာစောင်များအား ခင်းကျင်းပြသမှု ဆောင်ရွက်

 မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်ကျောင်းသား/သူများ စာပေဖတ်ရှုမှု လွယ်ကူစေရန်၊ မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုနိုင်စေရန် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က မဟာအောမြေမြို့နယ် (Community Centre)ခန်းမ၌ စာအုပ်၊ စာစောင်နှင့် နံရံကပ်စာစောင်များအား ခင်းကျင်းပြသ ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယ​မန်နေ့နံနက်(၉:၃၀)အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
Subscribe to