တာချီလိတ်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲများ ကျင်းပ

တာချီလိတ် စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်း အမှတ်အကြို စာစီစာကုံး၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများကို  စက်တင်ဘာ ၇ ရက်နေ့ နံနက် ၁၀ နာရီက မိုင်းလင်းအနောက်အုပ်စု၊ ပါလိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းမြေ့စိုး၊ ကျောင်းအုပ်ဆရာကြီး ဦးသက်နိုင်ထွန်းနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)